Genky သည် မျက်မမြင်များ၏ ဘဝကိုပြီးပြည့်စုံစေရန် လှုပ်ရှားမှုရရှိစေရန်အတွက် အလှုငွေကိုမမှီခိုဘဲနှင့် လုပ်ငန်းဆောင်တာလုပ်ဆောင်စေပါသည်။ လုံးဝကိုသစ်လွင်သောဆိုင်ဖြစ်ပါသည်။ (ဆိုင်သစ်ဖြစ်ပါသည်။)

မျက်မမြင်များ၏ ကိုယ်ပိုင်ရပ်တည်မှုကို ဦးတည်ချက်ထားပြီး လှုဒါန်းငွေကိုမှီခိုခြင်းမရှိတဲ့ ပုံစံသစ်အကြောပြင်ဆိုင် Genky Clinic လက်ရှိရန်ကုန်မှာ ၂ ဆိုင်ရှိပါသည်။

ဆိုင်၏အမြတ်ငွေသည် မျက်မမြင်အကြောပြင်ပံ့ပိုးမှု ဖောင်ဒေးရှင်း၏ ရန်ပုံငွေအနေဖြင့် နှစ်စဉ်မြန်မာအစိုးရနှင့် ပူးပေါင်းပြီး လူလတ်ပိုင်းမျက်မမြင်များအကြောပြင်သင်တန်းကို ကျင်းပခြင်းစသည့်လှုပ်ရှားမှုတွေလည်း လုပ်နိုင်လာနိုင်ပါသည်။

ပြည်တွင်းပြည်ပ သတင်းလောကတွင်လည်း တော်တော်များများ အသားပေးခြင်းခံရပြီး ၂၀၁၂ခုနှစ်မှာ အဲ့ဒီလို အောင်မြင်မှုအတွက် ဒုတိယသမ္မတမှ ချီးမွမ်းခြင်းခံရခြင်း ၊ ဒီလိုလှုပ်ရှားမှုဟာဆိုရင် နိုင်ငံတွင်းမှာ လည်းပဲ တော်တော်များများ ရေပန်းစားနေပါသည်။

表彰式写真


မျက်မမြင်အကြောပြင်ကာလတိုသင်တန်း

視覚障害者マッサージ育成短期集中講座

မြန်မာ့လူမှုဖူလုံရေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဝန်ကြီးဌာနနှင့်အတူ ၂၀၀၉ ခုနှစ်မှစ၍ နှစ်စဉ် ရန်ကုန်တွင်ရှိသော အမျိုးသားကျောင်းမှာ ကျောင်း၏နွေရာသီပိတ်ရက်ကိုအသုံးချပြီး ၃ လကြာ မျက်မမြင် အကြောပြင်သင်တန်းကို ဖွင့်လှစ်နေပါသည်။

ကျောင်းဆင်းပွဲအခမ်းအနားအား နှစ်စဉ်မြန်မာအစိုးရမှ ရန်ကုန်ခရိုင် လူမှုဖူလုံရေး စီးပွါးရေးပြန်လည်ထူထောင်ရေးဝန်ကြီးလည်း တက်ရောက်အားပေးပါသည်။


မျက်မမြင် မာရသွန်အပြေးပြိုင်ပွဲ၏



စပွန်ဆာ

視覚障害者のマラソンのスポンサー

နှစ်စဉ် နိုဝင်ဘာ ၁၅ရက် မျက်မမြင်များနေ့မှာရန်ကုန်မှာကျင်းပတဲ့ မျက်မမြင်မာရသွန်အပြေးပြိုင်ပွဲ ၂၀၀၉ ခုနှစ်မှစ၍ နှစ်စဉ် စပွန်ဆာအနေဖြင့် ထောက်ပံ့ပေးနေပါသည်။

မျက်မမြင်အကြောပြင် ပညာရေးစင်တာ၏
အကြံပေးအဖွဲ့

視覚障害者マッサージ育成センターのアドバイザリー

ရိုးရာဆေးပညာတက္ကသိုလ်၏ ကျောင်းအုပ်ဟောင်းဂျပန်ဖောင်ဒေးရှင်းမှ အဓိကထားပြီး ၂၀၁၆ ခုနှစ်မန္တလေးမှာ တည်ထောင်ခဲ့တဲ့ မျက်မမြင် အကြောပြင်စင်တာ၏ အကြံပေးအဖွဲ့ကိုတာဝန်ယူနေပါသည်။

ဘိုးဘွားရိပ်သာသို့ အကြောပြင် လုပ်ငန်းခရီးစဉ် Volunteer လှုပ်ရှားမှု

老人ホームへの出張マッサージボランティア活動

ရန်ကုန်မြို့တွင်းဘိုးဘွားရိပ်သာသို့ အကြောပြင်လုပ်ငန်းခရီးစဉ်
အကြောပြင် (နှိပ်နယ်ပေးခြင်း) ခြင်းသာမက အပြန်အလှန်စကားပြောဆိုဖလှယ်၍ ပျော်ပျော် ရွှင်ရွှင်အချိန်ကုန်ဆုံးစေခဲ့သည်။